Business AI Strategy Bootcamp
၃ ရက်အတွင်း သင့်လုပ်ငန်းကို နားလည်တဲ့ ကိုယ်ပိုင် AI Agent Skills ဆောက်ပြီး ပြန်ပါ — ကုဒ်ရေးတတ်စရာ မလိုပါ

ChatGPT ကို Chat အဆင့်ကနေ လုပ်ငန်းစနစ်အဆင့်ထိ။ SME Owners, Managers, Team Leaders အတွက် CORE course — Settings & Data Control, AI Engineering (Prompt · Context · Harness · Loop), AI Agent Skills & Plugins, Scheduled Tasks, n8n First Automation, ChatGPT Sites (No-Code), AI Video Editing, 90-Day AI Roadmap.
- Duration
- 3 Days Intensive (≈20 hours)
- Format
- In-Person (No Online, No Live Streaming, No Recording)
ဒီ Course က ဘယ်သူ့အတွက်လဲ
သင့်တော်သူများ
- ✓SME လုပ်ငန်းရှင်များ · မန်နေဂျာများ · Team Leader များ
- ✓CEO / Founder / Decision Maker — လုပ်ငန်းတစ်ခုလုံးအတွက် AI Operation System ချမှတ်လိုသူများ
- ✓Marketing · Finance · HR · Sales ဌာနအသီးသီးမှ ဝန်ထမ်းများ
- ✓AI ကို Business မှာ စတင်သုံးပြီး Blueprint အထိ ဆွဲချင်သူ မည်သူမဆို
ဌာနတိုင်းအတွက် ဘယ်လို အသုံးဝင်မလဲ
လုပ်ငန်းတစ်ခုလုံး တစ်ပြေးညီ ရှေ့တိုးနိုင်အောင် — ဌာနအလိုက် လက်တွေ့ အသုံးချပုံများ
တစ်ပတ်စာ Content Calendar၊ Ad Copy ၁၀ မျိုး၊ ပုံနဲ့ ဗီဒီယို — တစ်ထိုင်တည်းနဲ့ ပြီးအောင်။ AI နဲ့ Video တည်းဖြတ်၊ ပြိုင်ဘက်ရဲ့ လှုပ်ရှားမှုကို Scheduled Task နဲ့ လစဉ် စောင့်ကြည့်။
Lead စာရင်းကို အလိုအလျောက် အဆင့်ခွဲ၊ Proposal နဲ့ Quotation ကို မိနစ်ပိုင်း၊ Follow-up စာကို Customer တစ်ယောက်ချင်းစီနဲ့ ကိုက်အောင် ရေးပေး။
လစဉ် ငွေစာရင်း အကျဉ်းချုပ်၊ ကုန်ကျစရိတ် ခွဲခြမ်းစိတ်ဖြာ၊ Invoice နဲ့ ပြေစာပုံတွေကို ဖတ်ပြီး Excel ထဲ အလိုအလျောက် သွင်း။
JD ရေး၊ CV အမြန် စိစစ်၊ အင်တာဗျူး မေးခွန်းစာရင်း၊ ဝန်ထမ်း လက်စွဲနဲ့ SOP ရေးသား၊ သင်တန်း အစီအစဉ် ဆွဲ။
SOP နဲ့ Checklist ရေး၊ အစည်းအဝေး မှတ်တမ်းကို လုပ်ရမယ့်စာရင်းအဖြစ် ပြောင်း၊ နေ့စဉ်/အပတ်စဉ် Report အလိုအလျောက် ထုတ်။
မေးလေ့ရှိတဲ့ မေးခွန်းတွေအတွက် အဖြေစာ အသင့်၊ FAQ နဲ့ ဆိုင်ရဲ့လေသံအတိုင်း ပြန်ဖြေစာ Draft ထုတ်ပေးတဲ့ Reply Skill ကိုယ်တိုင် ဆောက် — ဝန်ထမ်းက စစ်ပြီး ပို့ရုံ။
ဌာနတိုင်းရဲ့ Report ကို တစ်မျက်နှာတည်း အကျဉ်းချုပ်၊ ဆုံးဖြတ်ချက်အတွက် လိုတဲ့ Data ကို မိနစ်ပိုင်းအတွင်း၊ လုပ်ငန်းတစ်ခုလုံးအတွက် ၉၀ ရက် AI Roadmap ကိုယ်တိုင် ဆွဲ။
ဘာတွေ ရရှိမလဲ
Report / Proposal / Content တစ်နေ့စာ (~၈ နာရီ) အလုပ်ကို ~၃၀ မိနစ်နဲ့ ပြီးအောင် လုပ်တတ်သွားမယ်။ တစ်လမှာ အလုပ်ရက် ၄ ရက်စာ ပြန်ရတာနဲ့ အတူတူပါပဲ။
Chat အသစ်ဖွင့်တိုင်း လုပ်ငန်းအကြောင်း ပြန်ပြောနေရတာ အချိန်ကုန်ပါတယ်။ Personalization, Memory နဲ့ Projects ကို မှန်မှန် ချိန်ထားရင် — ChatGPT က သင့်လုပ်ငန်း၊ ဈေးနှုန်း၊ လေသံကို သိပြီးသား ဖြစ်နေမယ်။
ဝန်ထမ်းတစ်ယောက်နဲ့တစ်ယောက် ထွက်လာတဲ့ အလုပ် မတူတာ၊ ကိုယ်တိုင် ပြန်စစ်နေရတာ — Skill က ဖြေရှင်းပေးပါတယ်။ ကုမ္ပဏီရဲ့ လုပ်ထုံးလုပ်နည်းကို တစ်ခါတည်း သင်ထားပြီး Plugin အဖြစ် Team ကို ဝေ — Quotation, Reply, Content အားလုံး Standard တစ်ခုတည်း။ Gmail, Drive, Calendar နဲ့လည်း တိုက်ရိုက် ချိတ်နိုင်မယ်။
Content / VA တစ်ယောက် လစာ ၃–၅ သိန်း/လ ပေးနေရာကနေ — ကိုယ်ပိုင် AI Agent Skill တစ်ကြိမ်တည်း ဆောက်ပြီး ၂၄ နာရီ ခိုင်းလို့ရမယ်။ ၃ လအတွင်း သင်တန်းကြေး ပြန်ရပါတယ်။
Scheduled Tasks နဲ့ မနက်တိုင်း Brief၊ သောကြာတိုင်း အရောင်း Report၊ လစဉ် ပြိုင်ဘက် စောင့်ကြည့်မှုကို ChatGPT က အလိုအလျောက် ထုတ်ပေးမယ်။ သင်က ၁၀ မိနစ် ဖတ်ပြီး အတည်ပြုရုံပါပဲ။
"AI ထဲ Data ထည့်ရမှာ စိုးရိမ်တယ်" ဆိုတာ Setting မသိလို့ပါ။ Data Controls ကို ၂ မိနစ်နဲ့ ချိန်နည်း၊ ဘာတင်ရ/မတင်ရ ခွဲနည်းနဲ့ တစ်မျက်နှာတည်း ကုမ္ပဏီ AI Policy ကို အတန်းထဲမှာပဲ ရေးပြီး ပြန်ပါမယ်။
တစ်ပတ်စာ Content ကို တစ်ထိုင်တည်းနဲ့ ပြီးအောင် — Campaign ပိုများ ထုတ်နိုင် → Lead ပိုဝင် → အရောင်းတိုး။
Video Editing with AI — Skills / Plugins သုံးပြီး ဖြတ်၊ ဆက်၊ စာတန်းထိုး၊ Motion Graphic ထည့်တာကို စကားနဲ့ ခိုင်းရုံပါ။ Suno နဲ့ ကြော်ငြာသီချင်း၊ ChatGPT နဲ့ ပုံတွေပါ တစ်ခါတည်း ထုတ်တတ်သွားမယ်။
ChatGPT Sites သုံးပြီး — အတန်းထဲမှာပဲ တစ်ခု ဆောက်ပြီး ပြန်ပါမယ်။
ဘယ်အလုပ်ကို AI လုပ်မလဲ၊ ဘယ်ဟာကို လူလုပ်မလဲ၊ ဘယ်လောက် ပြန်ရမလဲ — Quick Win ရွေး၊ ROI တွက်၊ Build · Buy · Partner ဆုံးဖြတ်ပြီး ကိုယ့်လုပ်ငန်းအတွက် ၉၀ ရက် အစီအစဉ်ကို ကိုယ်တိုင် ဆွဲပါမယ်။ n8n နဲ့ ပထမ Automation ကိုလည်း အတန်းထဲမှာ တပ်ဆင်ပြီး စမ်းပါမယ်။
ကိုယ်တစ်ယောက်တည်း တတ်လို့ မလုံလောက်ပါ။ ဌာနတိုင်းက ဝန်ထမ်းတွေကို ဘယ်လို လိုက်ပါစေမလဲ၊ ဘယ်သူ့ကို ဘယ် AI ပေးမလဲ ဆိုတဲ့ အဖွဲ့လိုက် ပြောင်းလဲရေး အစီအစဉ်ကို အတူတူ ရေးဆွဲပါမယ်။
Projects · Skills · Plugins · Work Mode · Sites · Scheduled Tasks · Connectors · Higher Intelligence — နေ့စဉ် ပြောင်းနေတာမို့ သင်တန်းရက်ရဲ့ နောက်ဆုံးအခြေအနေအတိုင်း သင်ပေးပါတယ်။
တက်ရောက်ခဲ့သူများ ပြောကြားချက်
ဆရာကိုကျေးဇူးအများကြီးတင်ပါတယ်
AI ကိုစသုံးခဲ့ချိန်နှင့် ကွဲပြားခြားနားစွာ စနစ်တကျ သုံးတက်လာ ပါတယ်။ AI tools များကိုနားလည်းစွာ သုံးတက်လာ ပါတယ်။
အများကြီးသိခဲ့ပါတယ်က်ုယ်လုပ်ငန်းဘယ်လိုလည်ပတ်ရမယ်ဆိုတာတွေသိခဲ့ရပါတယ်အရမ်းကောင်းတဲ့သင်တန်းတခုပါဆရာကိုကျေးဇူးအများကြီးတင်ပါတယ်ရှင့်
AI နဲ့ပတ်သက်ပြီး တကယ့်သိသင့်တဲ့အခြေခံကနေစပြီး ကိုယ့်လုပ်ငန်းမှာ run နိုင်တဲ့အထိ လုပ်နိုင်ရင်လုပ်နိုင်သလောက်ထိရောက်လို့ တကယ်မိုက်ပါတယ်
သင်တန်းက သင်ကြားချက်များသည် chat gpt , Gemini and အခြား app များ ချိတ်ဆက်သုံးစွဲမှုများကို ပိုမိုသင်ကြားစေလိုပါသည်၊ သင်တန်းသားများအပေါ် စေတနာထားသင်ကြားပေးမှုအတွက် ကျေးဇူးတင်ပါသည်
AI သင်တန်းတက်ပြီး Business မှာ AI ကိုဘယ်လိုအသုံးချရမလဲဆိုတာ သေသေချာချာ သိရပါတယ်။ AI ကို အခြေခံကနေစတင်လေ့လာလိုသူတိုင်းတက်သင့်ပါတယ်။ ဒီသင်တန်းတက်ပြီးရင် AI ကို ကိုယ့် Business မှာ တစ်ကယ်အသုံးချနိုင်မယ့်အပြင် ရလဒ်တွေ ပိုတိုးတက်လာပါလိမ့်မယ်။
Have known what is called n8n Know about ChatGPTPlus more well Have got good communication from various kind of Industries Good Training Room
သင်တန်းကြေးပေးရတာနဲ့ တကယ်ကို တန်တဲ့သင်တန်းပါ ✨ ကိုယ့်ရဲ့ Business တွေကို ပိုပြီး Work Smart ဖြစ်အောင် လုပ်ချင်တယ်ဆိုရင် ဒီလိုသင်တန်းမျိုးကို မဖြစ်မနေ ရွေးချယ်တက်ရောက်သင့်ပါတယ် 💯 သင်ယူရတာတွေက လက်တွေ့အသုံးချလို့ရပြီး ကိုယ့် Business အတွက် အချိန်နဲ့ အားစိုက်ထုတ်မှုတွေကို ပိုမိုထိရောက်အောင် အသုံးချနိုင်စေပါတယ်။ Highly Recommend ပါ! ❤️ ကိုယ့် Business ကို တစ်ဆင့်မြှင့်တင်ချင်သူတိုင်းအတွက် တကယ်တန်တဲ့ Investment တစ်ခုပါ။ 🚀
AI နဲ့ပါတ်သက်လို့ ဆောင်ရန်၊ ရှောင်ရန် အပြင် လက်တွေ့အသုံးချလို့ရတဲ့ အရာတွေရပါတယ်။
၃ ရက်တာဆိုပေမယ့် AI နဲ့ပက်သက်ပြီး အများကြီးသိခွင့်ရလိုက်ပါတယ် ကျေးဇူးပါ
AI ကို ခိုင်းစေဖို့ အရေးကြီးတဲ့ အချက်တွေ personal Assistant တစ်ယောက်အနေနဲ့ Schedule အတိုင်း အလုပ်လုပ်စေတဲ့ အချက်တွေ Automatic သုံးလို့ရတဲ့ အပိုင်းနဲ့ လူကိုယ်တိုင် ထိန်းချုပ်လို့ရတဲ့ အပိုင်းတွေ ခွဲခြား သိမြင်သွားပါတယ် Better Vision Myanmar ကိုကျေးဇူးတင်ပါတယ်
AI ကို ဘယ်လို အသုံးချရမလဲ နဲ့ ဘာဆက်လုပ်ရမလဲ ရှင်းရှင်းလင်းလင်း သိသွားပါတယ်
သင်တန်းနဲ့ပတ်သက်ပြီး လာတက်တဲ့ အခါမှာ knowledge အများကြီးရပါတယ်
AI ကို ကောင်းစွာနားလည်သွားပါတယ် လုပ်ငန်းတွက် လိုအပ်ချက် ဖြစ်တဲ့ report တွေ ထုတ်ဖို့တွက် နဲ့ strategy တွေ ချမှတ်ဖို့တွက် သေချာသိလိုက်ရလို့ ကျေးဇူးအထူးပါ ဆရာ
Better Myanmar ရဲ့ Business AI Level 1 + Agentic AI Blueprint သင်တန်းကို တက်ရောက်ခဲ့ပါတယ်။ AI ကို သီအိုရီသက်သက်မဟုတ်ဘဲ ကိုယ့်လုပ်ငန်းမှာ ဘယ်လိုလက်တွေ့အသုံးချရမလဲ၊ လုပ်ငန်း Workflow တွေနဲ့ ဘယ်လိုချိတ်ဆက်ရမလဲဆိုတာ နားလည်လွယ်အောင် သင်ကြားပေးပါတယ်။ သင်တန်းပြီးတဲ့အခါ AI ကို Marketing၊ Management၊ Customer Service နဲ့ လုပ်ငန်းစနစ်တည်ဆောက်ရေးတွေမှာ ပိုပြီးထိရောက်စွာ အသုံးချနိုင်မယ့် အတွေးအမြင်အသစ်တွေ ရရှိခဲ့ပါတယ်။ ဆရာများရဲ့ရှင်းပြပုံကောင်းမွန်ပြီး လက်တွေ့အသုံးချနိုင်တဲ့ သင်တန်းကောင်းတစ်ခုဖြစ်လို့ လုပ်ငန်းရှင်တွေနဲ့ AI ကို စနစ်တကျလေ့လာလိုသူတွေအတွက် အထူးအကြံပြုပါတယ်။ Better Myanmar Team ကို ကျေးဇူးအများကြီးတင်ပါတယ်။
GPT ကိုစနစ်တကျသုံးတက်သွားတယ် AI အကြောင်းလဲပိုသိသွားပါတယ် အရမ်းအဆင်ပြေပါတယ်ရှင့်
AI ကို စိမ်းနေသေးတဲ့ သူတွေအတွက်တောင် အကျိုးရှိအောင် အသုံးချတတ်မယ့် ပညာတွေ ရသွားတာ အရမ်းကောင်းပါတယ် လုပ်ငန်းရှင်တွေအတွက်ဆို ဝန်ထမ်းများစွာ ရလိုက်သလိုပါပဲ
Ai နဲ့ ပတ်သက်တာ အခြေခံကနေ ကိုယ့်ရဲ့လုပ်ငန်းထဲမှာ ထိထိရောက်ရောက်ပြန်သုံးလို့ရတဲ့အထိ သင်ကြားခဲ့ရပါတယ် စေတနာရှေ့ထား သင်ကြားပေးတဲ့ ဆရာ့ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ် ခဗျာ……
Better Version Myanmar သင်တန်းတက်ပြီးနောက် အရမ်းသဘောကျမိတာက သီအိုရီတွေချည်းပဲ သင်ပေးတာမဟုတ်ဘဲ လက်တွေ့မှာ ဘယ်လိုအသုံးချရမလဲဆိုတာကို နားလည်လွယ်အောင် ရှင်းပြပေးတာပါ။ သင်ကြားပုံက ရှင်းလင်းပြီး မသိတာတွေကိုလည်း စိတ်ရှည်ရှည်နဲ့ ပြန်လည်ရှင်းပြပေးပါတယ်။ သင်တန်းမှာ ရတဲ့ Knowledge တွေ၊ Practical Ideas တွေက ကိုယ့်အလုပ်နဲ့ Business မှာ တကယ်ပြန်အသုံးချလို့ရတာကြောင့် အချိန်ပေးတက်ရတာ တန်ပါတယ်။ 👍 အထူးသဖြင့် သင်တန်းပြီးသွားတဲ့အခါ အသိပညာအသစ်ရတာတင်မဟုတ်ဘဲ ကိုယ်လုပ်နေတဲ့အရာတွေကို ပိုကောင်းအောင် ဘယ်လိုပြောင်းလဲရမလဲဆိုတဲ့ အမြင်သစ်တွေပါ ရလာပါတယ်။ ကိုယ့်ရဲ့ Skill နဲ့ Mindset ကို Upgrade လုပ်ချင်သူတွေအတွက် Better Version Myanmar ကို အကြံပြုချင်ပါတယ်။ ⭐⭐⭐⭐⭐
An excellent and incredibly comprehensive class! Despite the wide range of ages among the students, the teacher did a fantastic job of making sure everyone understood the material clearly. It is a great learning environment, and I highly recommend this class to anyone.
Cost Effective ဖြစ်တဲ့ သင်တန်း တစ်ခုပါ. အရင်က သိထားတာထက် အများကြီးပိုသိလာရတယ် Email ကိုယ်တိုင် စစ်စရာမလိုဘဲ AI ကို စစ်ခိုင်းလို့ရသွားတယ် Songs/ Video create လုပ်တတ်သွားတယ်.
တကယ်အသုံးဝင်ပြီး လက်တွေ့ပြန်အသုံးချလို့ရတဲ့ သင်တန်းကောင်းတစ်ခုပါ။ သင်ကြားပုံလည်း နားလည်လွယ်ပြီး တက်ရကျိုးနပ်ပါတယ်။
AI နှင့်ပတ်သတ်သော သိသင့်သိထိုက်တာများ ပြည့်ပြည့်စုံစုံရခဲ့ပါတယ်။
AI အသုံးချနည်းများ ပိုမိုသိရှိလာပါတယ်
AI ကို လုပ်ငန်းမှာအသုံးချနိုင်ဖို့ လက်တွေ့နည်းတွေ သိခဲ့ရပါတယ်။ လုပ်ငန်းရှင်နဲ့ ဝန်ထမ်းတိုင်း တတ်သိနားလည်ထားသင့်ပါတယ်။
သိထားတာတွေရော မသိသေးတဲ့ အချက်စတွေရောနစ်တကျ သင်ကြားခွင့်ရတဲ့အတွက် လုပ်ငန်းရှင်တွေ အချိန်ပေးတတ်သင့်တဲ့ သင်တန်းပါ
Effective and useful. The trainer is very professional.
သင်တန်းကကျွေးတာတွေများလို့ ၃ရက်တာအတွင်း အစားမှန်ခဲ့ပါတယ်😁
ရိုးရှင်းတယ်။ထိရောက်တယ်။
Ai အကြောင်းသေချာသိခွင့်ရခဲ့ပါတယ်
အရမ်းကောင်းပါတယ်ဆရာ့ရဲ့သေသေချာချာစေတနာအပုည့်နဲ့တကယ်အသုံးဝင်တာတွေသင်ပေးလို့ work smart လည်းဖြစ်လာပါတယ်
အေအိုင်ကို အချိန်တိုလေးအတွင်းမှာ သေချာနားလည်လာတယ်။ တခါတည်း လုပ်ငန်းမှာ ချက်ချင်း အသုံးချနိုင်ခဲ့တယ်။ AI သင်တန်းဆိုရင် Better Version မှာတက်ပါ။
Course Outline
- –AI Landscape 2026 — AI · ML · GenAI · Agentic AI နဲ့ ကိုယ့်လုပ်ငန်းမှာ အကျိုးအရှိဆုံး နေရာ ၄ ခု
- –LLM ဘယ်လို အလုပ်လုပ်လဲ — Hallucination ကို လျှော့နည်းနဲ့ Human-in-the-Loop စည်းမျဉ်း
- –★ ChatGPT Settings — Personalization (Custom Instructions · Memory) · Data Controls · Model နဲ့ Usage Limit
- –Data Privacy — Data အဆင့် ၃ ဆင့်နဲ့ တစ်မျက်နှာတည်း ကုမ္ပဏီ AI Policy (ကူးယူ အသုံးပြုနိုင်)
- –★ AI Engineering Ladder — Prompt · Context · Harness · Loop (tech background မလို၊ step-by-step)
- –Prompt Engineering Hands-on — R.C.T.R.O ပုံသေနည်း + ဌာနအလိုက် အသင့်သုံး Prompt များ
- –ChatGPT Pro Level — 2026 UI အသစ်၊ Chat Mode နဲ့ Work Mode ကို ဘယ်အချိန် သုံးမလဲ
- –Context — Projects: ကုမ္ပဏီ Data နဲ့ စည်းမျဉ်းကို တစ်ခါထည့်၊ Chat တိုင်းမှာ အသင့်သုံး
- –★ Harness — ကိုယ်ပိုင် AI Agent Skills & Plugins တည်ဆောက်ခြင်း (main highlight) — လုပ်ငန်းနည်းလမ်းကို တစ်ခါသင်၊ Team တစ်ခုလုံး သုံး
- –Plugins / Connectors — ChatGPT ကို Gmail · Drive · Calendar နဲ့ ချိတ်ဆက်ခြင်း
- –Work Mode — ရည်မှန်းချက်ပေးရုံနဲ့ Slides · Sheets · Docs အပြီးသတ် ပြန်ရခြင်း
- –ChatGPT Sites — ကုဒ်မရေးဘဲ App / Website ကိုယ်တိုင် ဆောက်ခြင်း (No-Code)
- –★ Loop — Scheduled Tasks: နေ့စဉ် Brief · အပတ်စဉ် Report · ပြိုင်ဘက် စောင့်ကြည့်မှုကို အလိုအလျောက်
- –★ n8n Setup & First Automation Test (hands-on) — ဘယ်အလုပ်က Automation၊ ဘယ်အလုပ်က AI Agent လိုလဲ
- –AI Data Analysis — Excel / CSV ကနေ Insight နဲ့ Dashboard
- –Creative AI — ပုံထုတ်ခြင်း · ဗီဒီယို · Suno နဲ့ ကြော်ငြာသီချင်း
- –★ Video Editing with AI — Skills / Plugins သုံးပြီး စကားနဲ့ ခိုင်းရုံနဲ့ Video တည်းဖြတ်ခြင်း
- –Automate Tasks, Not Roles — ကိုယ့်လုပ်ငန်းရဲ့ ပထမဆုံး Quick Win ရွေးခြင်း
- –ROI တွက်ချက်ခြင်း — ခံစားချက်နဲ့ မဟုတ်ဘဲ ကိန်းဂဏန်းနဲ့ ဆုံးဖြတ်
- –Build · Buy · Partner — ဘယ်လမ်းနဲ့ အကောင်အထည်ဖော်မလဲ
- –★ Lead Your People — ဝန်ထမ်းတွေရဲ့ စိုးရိမ်မှုကို ဖြေရှင်းပြီး ပြောင်းလဲမှုကို ဦးဆောင်ခြင်း
- –Team AI Adoption Playbook — AI Champion · ၄ ပတ် Staff Training · KPI
- –၉၀ ရက် AI Roadmap — Deploy · Measure · Expand
- –★ Business AI Challenge — အသင်းလိုက် ဆောက်၊ တင်ပြ၊ ဆုယူ
- –Readiness → bridge to AI Agents Launchpad
🎁 Bonuses
- 🎁Business AI Handbook (PDF)
- 🎁T-Shirt နှင့် လက်ဆောင်များ
- 🎁နောက်သင်တန်းအတွက် Loyalty Offer
- 🎁၆၃ မျက်နှာကျော် ဌာနတိုင်းအတွက် အသင့်သုံး AI ခိုင်းစေချက်စာအုပ်
- 🎁"AI Agents နှင့် Business Automations တည်ဆောက်ခြင်း" (Inner Circle Edition) စာအုပ်
- 🎁Level 0 အခမဲ့ + သင်တန်းပြီး ၁ လ Group Chat Support
3 ယောက်အထက် အတူတူ စာရင်းသွင်းရင် 5% လျှော့ — Group Discount (သုံးယောက်နှင့်အထက် တပြိုင်တည်းအပ်နှံခြင်းအတွက် သက်သာခွင့်)
ကုမ္ပဏီအဖွဲ့နဲ့ သူငယ်ချင်းအုပ်စုတွေအတွက် သင့်တော်ပါတယ် — အတူတူ တက်ရင် လက်တွေ့ အသုံးချရတာ ပိုလွယ်ပါတယ်။
စာရင်းသွင်းရန်
Better Version Team က ချက်ချင်း ပြန်လည် ဆက်သွယ်ပေးပါမယ်။
✍️ အခုပဲ စာရင်းသွင်းမည် →၁ မိနစ် — နာမည်နဲ့ ဖုန်းနံပါတ် ဖြည့်ရုံပါပဲ
ဘာမှ ကြိုပြင်စရာ မလိုပါ
📹 ကြိုတင် Video Lesson — စာရင်းသွင်းပြီးတာနဲ့ ချက်ချင်း ရပါမယ်။ 🤝 Orientation — သင်တန်းမတိုင်ခင် ၃–၄ ရက်အလိုမှာ ChatGPT Plus · VPN · n8n Account တွေကို အတူတူ တပ်ဆင်ပေးပါတယ်။ ဒါကြောင့် သင်တန်းရက် ၃ ရက်လုံး Setup နဲ့ အချိန်မကုန်ဘဲ လက်တွေ့ လုပ်ချိန်ချည်း ရပါတယ်။ AI တစ်ခါမှ မသုံးဖူးသူတွေလည်း လိုက်နိုင်ပါတယ်။ ယူလာရန် — Laptop / iPad / MacBook / Tablet တစ်လုံး
လိုအပ်ချက်များ
- •Google Account + အခြေခံ Digital Knowledge (Docs, Sheets, Drive)
- •ChatGPT Plus (~$20/လ) · Gemini · VPN · n8n Free Account · Credit/Debit Card
- •စီးပွားရေး လုပ်သက် ၃ နှစ်
Course Video များ
မေးလေ့ရှိသော မေးခွန်းများ
Business AI Strategy Bootcamp သင်တန်းကြေး ဘယ်လောက်လဲ?+
လက်ရှိ သင်တန်းကြေး၊ Early Bird ဈေးနဲ့ အထူးနှုန်းတွေကို ဒီစာမျက်နှာရဲ့ 💰 သင်တန်းကြေး အကွက်မှာ ကြည့်ပါ — အဲဒီမှာ ပြထားတာက နောက်ဆုံး အတည်ပြုထားတဲ့ ဈေးပါ။ Batch တိုင်း Early Bird ကာလ ရှိပြီး ၃ ယောက်နှင့်အထက် အဖွဲ့လိုက်ဆို အထူးနှုန်း ရပါတယ်။
သင်တန်းကာလ ဘယ်လောက်ကြာလဲ၊ ဘယ်မှာ သင်လဲ?+
၃ ရက် Intensive (စုစုပေါင်း ≈၂၀ နာရီ) — ရန်ကုန်မြို့ရှိ ဟိုတယ်ခန်းမမှာ လူကိုယ်တိုင် တက်ရတဲ့ Live Class ပါ။ နေရာအတိအကျကို Batch အလိုက် အပေါ်က အချိန်ဇယားမှာ ဖော်ပြထားပါတယ်။ Online/Recording မရှိပါ။
ဘယ်သူတွေအတွက် သင့်တော်လဲ?+
လုပ်ငန်းရှင်၊ Manager နဲ့ ဌာနခေါင်းဆောင်တွေအတွက်ပါ — Technical background မလိုပါ။ ChatGPT, Claude, Gemini ကို လုပ်ငန်းမှာ နေ့စဉ်သုံးတတ်ပြီး ကိုယ်ပိုင် AI Agent Skills ဆောက်နိုင်အောင် သင်ပေးပါတယ်။
AI လုံးဝ မသုံးဖူးသေးရင် လိုက်နိုင်ပါ့မလား?+
လိုက်နိုင်ပါတယ်။ Level 1 က အခြေခံကနေ စပါတယ်။ စာရင်းသွင်းပြီးတာနဲ့ ကြိုတင် Video Lesson ရမယ်၊ သင်တန်းမတိုင်ခင် ၃–၄ ရက်အလိုမှာ Orientation နဲ့ Account တွေ အတူတူ တပ်ဆင်ပေးပါတယ်။
အရစ်ကျ ပေးလို့ရလား?+
အရစ်ကျ လက်မခံပါ။ ဒါပေမယ့် Seat ကို ကြိုချုပ်ထားချင်ရင် Deposit အနေနဲ့ အရင် သွင်းထားလို့ရပါတယ် — ကျန်ငွေကို သင်တန်းမတိုင်ခင် ပြည့်အောင် သွင်းပေးရပါမယ်။ အသေးစိတ်အတွက် ရုံးကို ဆက်သွယ်ပါ။
စာရင်းသွင်းပြီးမှ မလာနိုင်တော့ရင် ဘယ်လိုလုပ်ရမလဲ?+
စာရင်းသွင်းပြီးနောက် သင်တန်းကြေး ပြန်အမ်းခြင်း မရှိပါ (Non-Refundable)。ဒါပေမယ့် နည်းလမ်း ၂ ခု ရှိပါတယ် — • နောက်အတန်းသို့ ရွှေ့ခြင်း (Class Transfer) — အတန်းစမည့်ရက်ထက် ၇ ရက်ထက် စောပြီး လျှောက်ရင် အခမဲ့။ ၇ ရက်အတွင်းဆိုရင် သင်တန်းကြေး၏ ၁၀% ကျသင့်ပါတယ် (အများဆုံး ၂ ကြိမ်)。 • အခြားသူတစ်ဦးကို လွှဲပြောင်းခြင်း (Person Change) — သင်တန်းကြေး၏ ၃% (အချိန်မရွေး တူညီပါတယ်)。 ရွှေ့ချင်/ပြောင်းချင်ရင် ရုံးကို ကြိုတင် ဆက်သွယ်ပါ — အတည်ပြုပြီးမှသာ အကျုံးဝင်ပါမယ်။ အသေးစိတ်ကို Refund Policy စာမျက်နှာမှာ ကြည့်ပါ။
၁၀၀% ပြန်အမ်း Guarantee နဲ့ Non-Refundable က ဘယ်လို ကွာလဲ?+
မတူပါ။ • Non-Refundable — စာရင်းသွင်းပြီး မလာဖြစ်တာ/ပယ်ဖျက်တာအတွက် ငွေပြန်မအမ်းပါ (ရွှေ့/လွှဲလို့တော့ ရပါတယ်)。 • ၁၀၀% Guarantee — သင်တန်း ၃ ရက်လုံး တက်ရောက်ပြီး ကိုယ်ပိုင် AI Agent Skills မဆောက်နိုင်ခဲ့ရင် သင်တန်းကြေး အပြည့် ပြန်အမ်းပါတယ်။
Video ပြန်ကြည့်လို့ရလား?+
မရပါ။ Live Class များအတွက် Video Recording မပေးပါ — In-Person သီးသန့်ဖြစ်ပြီး Live Streaming လည်း မရှိပါ။ ဒါပေမယ့် ၆၃ မျက်နှာကျော် ခိုင်းစေချက်စာအုပ်၊ Inner Circle စာအုပ်၊ Business AI Handbook PDF နဲ့ သင်တန်းပြီး ၁ လ Group Chat Support ရပါမယ်။
ငွေဘယ်လို လွှဲရမလဲ?+
KBZPay / WaveMoney / AYA Pay / UAB — အမည် Min Than Htut၊ ဖုန်း 09252227138。ငွေလွှဲပြီးရင် ပြေစာဓာတ်ပုံကို ပို့ပေးပါ — Team က စစ်ဆေးအတည်ပြုပေးပါမယ်။
အဖွဲ့လိုက် တက်ရင် လျှော့ပေးလား?+
ပေးပါတယ်။ ၃ ယောက်နှင့်အထက် တစ်ပြိုင်တည်း စာရင်းသွင်းရင် အဖွဲ့လိုက် အထူးနှုန်း ရပါတယ် — ဈေးကို 💰 သင်တန်းကြေး အကွက်မှာ ကြည့်ပါ။ ကုမ္ပဏီအဖွဲ့လိုက်ဆိုရင် Team Transformation Plan အပိုင်းက ပိုပြီး အကျိုးရှိပါတယ်။
သင်တန်းပြီးရင် ဘာ ဆက်တက်ရမလဲ?+
Level 2 — AI Agents Launchpad ကို ဆက်တက်နိုင်ပါတယ်။ Level 1 ရဲ့ နောက်ဆုံးအပိုင်းက အဲဒီကို ကူးဖို့ ပြင်ဆင်ပေးထားပါတယ်။
Register / စုံစမ်းမေးမြန်းရန်
Better Version Team က ချက်ချင်း ပြန်လည် ဆက်သွယ်ပေးပါမယ်။
✍️ အခုပဲ စာရင်းသွင်းမည် →၁ မိနစ် — နာမည်နဲ့ ဖုန်းနံပါတ် ဖြည့်ရုံပါပဲ
Facebook သုံးနေသူဆိုရင် Messenger ကနေလည်း မေးလို့ရပါတယ်
🛡️ အန္တရာယ် လုံးဝ မရှိပါ
သင်တန်း ၃ ရက်လုံး တက်ရောက်ပြီး ကိုယ့်လုပ်ငန်းအတွက် ကိုယ်ပိုင် AI Agent Skills မဆောက်နိုင်ခဲ့ရင် သင်တန်းကြေး ၁၀၀% ပြန်အမ်းပါတယ်။