🏢 Corporate / In-house Training

Transform Your Business With AI

The Most Practical AI Training Available in Myanmar.

ဝန်ထမ်းတစ်ယောက်ချင်း သင်တန်းပို့ဖို့ မလိုတော့ပါ။ လူကြီးမင်းတို့ရဲ့ လုပ်ငန်းစဉ်တွေကို ယူပြီး အဲဒါအတွက် သီးသန့် ဖန်တီးထားတဲ့ သင်တန်းကို ရုံးကို လာရောက်ပို့ချပေးပါတယ်။

Proposal က အခမဲ့ပါ — ဖြည့်ပြီး ၁–၂ ရက်အတွင်း ပြန်ဆက်သွယ်ပါမယ်။

ယုံကြည်စွာ အပ်နှံခဲ့ကြသော လုပ်ငန်းများ

မြန်မာနိုင်ငံရှိ လုပ်ငန်း 33 ခုကျော်က ဝန်ထမ်းများကို ကျွန်တော်တို့နဲ့ လေ့ကျင့်ပေးခဲ့ပါတယ်။

Ninja Van
KBZ Bank
Yangon Aerodrome Company Limited
Yoma Group / FMI
Perkins Shwe Ein Machinery
Pro1 Global Home Center
Myanmar Lift Group
Marlarmyaing Public Company
Better Pharma
MTH Hospital
Sanden
ICICLE Group of Companies
Myanmar Fast Express
MK
Kiyoi
STL
Willtec Myanmar
United ULB
Sword Elevator & Escalator Myanmar
Naing Win Telecom
Bagan Lifesciences
KT
Atop Construction
MAS
Chef Hat Catering
Lluvia
J2A Garment
PSS
Red Flower
Heart Hands
K Skin House
Kaku Myanmar
Yolo Travels

ဘာကြောင့် In-house သင်တန်း ယူသင့်လဲ

🎯

သင့်လုပ်ငန်းရဲ့ တကယ့်အလုပ်နဲ့ သင်တယ်

ယေဘုယျ နမူနာတွေ မဟုတ်ပါ — လူကြီးမင်းတို့ရဲ့ လက်ရှိ လုပ်ငန်းစဉ် (Quotation, Customer Service, Report, Data Entry) ကို ယူပြီး အဲဒါကိုပဲ AI နဲ့ ဘယ်လို မြန်အောင် လုပ်မလဲ လက်တွေ့ လေ့ကျင့်ပေးပါတယ်။

🏢

လူချင်းတွေ့ သင်တန်းသာ လုပ်ပါတယ်

ရုံးကို လာရောက် သင်ကြားပေးပါတယ် — Online မလုပ်ပါ။ AI ကို တကယ် တတ်ဖို့က လက်တွေ့ လုပ်ပြရ၊ ခေါင်းထဲ ဝင်မဝင် မျက်နှာကြည့်ပြီး ပြန်ရှင်းပြရတာမို့ ဖန်သားပြင်နောက်ကွယ်မှာ မဖြစ်နိုင်ပါဘူး။

👥

ရာထူးအလိုက် သင်ရိုးခွဲ

Manager အတွက် ဆုံးဖြတ်ချက်ချဖို့ AI၊ Executive အတွက် နေ့စဉ်အလုပ် မြန်ဖို့ AI — အဆင့်မတူတဲ့သူတွေကို တစ်ခုတည်း သင်လိုက်ရင် နှစ်ဖက်စလုံး အလဟဿ ဖြစ်တတ်ပါတယ်။

📄

သင်တန်းပြီးရင် လက်ကျန် ရှိတယ်

Workflow မှတ်တမ်း၊ Prompt စာအုပ်နဲ့ ဝန်ထမ်းအသစ်အတွက် သင်ကြားရေး မှတ်တမ်းတွေ ပေးပါတယ် — သင်တန်းပြီးလို့ ခေါင်းထဲက ပျောက်မသွားအောင်။

ဘယ်လို စတင်ရမလဲ

Request ပို့ပါ

အောက်က Form ကို ဖြည့်ပေးပါ — ၂ မိနစ် လောက်ပဲ ကြာပါတယ်။

လိုအပ်ချက် ဆွေးနွေးမယ်

၁–၂ ရက်အတွင်း ဆက်သွယ်ပြီး လက်ရှိ အခက်အခဲတွေကို နားလည်အောင် မေးမြန်းပါမယ်။

Proposal ပို့မယ်

သင်ရိုး၊ ရက်၊ ကုန်ကျစရိတ် အပြည့်အစုံ ပါတဲ့ Proposal ကို မြန်မာလို (သို့) English နဲ့ ပို့ပေးပါမယ်။

သင်တန်း စတင်မယ်

ရက်ညှိပြီး လူကြီးမင်းတို့ ရုံးကို လာရောက် သင်ကြားပေးပါမယ်။

ရင်းနှီးမြှုပ်နှံမှု ခန့်မှန်း

ကုမ္ပဏီတစ်ခုချင်း လိုအပ်ချက် မတူတာမို့ အတိအကျ ဂဏန်းကို Proposal မှာ ပေးပါမယ်။ စတင်နှုန်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် —

၁ ရက် Workshop

၆ နာရီ · ရုံးမှာ

စတင်နှုန်း

၂၀ သိန်း

၂ ရက် Bootcamp

၁၂ နာရီ · ရုံးမှာ

စတင်နှုန်း

၃၀ သိန်း

သင်တန်းသား အရေအတွက်၊ သင်ရိုး အနက်နဲ့ နေရာပေါ် မူတည်ပြီး ကွာနိုင်ပါတယ်။ ရန်ကုန်ပြင်ပ ဆိုရင် ခရီးစရိတ်နဲ့ တည်းခိုစရိတ် သီးခြား တွက်ပါတယ်။

သင်တန်းခန်းမထဲက မြင်ကွင်းများ

Better Version Myanmar corporate training session
Better Version Myanmar corporate training session
Better Version Myanmar corporate training session
Better Version Myanmar corporate training session

Proposal တောင်းခံရန်

အောက်က အချက်အလက်တွေ ဖြည့်ပေးပါ — လူကြီးမင်းရဲ့ လိုအပ်ချက်အတွက် သီးသန့် တွက်ချက်ထားတဲ့ Proposal ကို ပြင်ဆင်ပေးပါမယ်။ * ပါတဲ့ အကွက်တွေပဲ မဖြစ်မနေ ဖြည့်ရပါမယ်။

ဘယ်အခက်အခဲတွေ အဓိက ပြေလည်သွားစေချင်လဲ ရေးပေးပါ

ခန့်မှန်းခြေ

ရုံးကို လာရောက် သင်ကြားပေးမှာမို့ ဖြစ်ပါတယ်

တစ်ခုထက်ပို ရွေးလို့ရပါတယ်

ရွေးထားတဲ့ Budget အတွင်း အကောင်းဆုံး ဖြစ်အောင် Proposal ပြင်ဆင်ပေးပါမယ်

Better Version မှ လူကြီးမင်းတို့ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီသော သင်တန်းများအား ဖန်တီးပေးပြီး ဖုန်း (သို့) Email မှ တစ်ဆင့် ပြန်လည် ဆက်သွယ်ပေးသွားပါမယ်။ အမြန်ဆုံး သိလိုပါက 09880902558 ကို တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

မေးလေ့ရှိသော မေးခွန်းများ

အနည်းဆုံး လူဦးရေ ဘယ်လောက် လိုလဲ

ပုံမှန်အားဖြင့် ၁၀ ယောက်ကနေ စပါတယ်။ ဒါထက် နည်းရင်လည်း ဆွေးနွေးလို့ ရပါတယ် — Public Live Class ကို တက်တာက ပိုသက်သာမလား ဆိုတာပါ အတူတူ တွက်ပေးပါမယ်။

သင်တန်း ဘယ်လောက် ကြာလဲ

အများဆုံး လုပ်လေ့ရှိတာက ၁ ရက် (၆ နာရီ) Workshop နဲ့ ၂ ရက် Bootcamp ၂ မျိုးပါ။ လိုအပ်ချက်ပေါ် မူတည်ပြီး ရက်ပိုပြီး လုပ်ပေးနိုင်သလို ရက်ခွဲပြီးလည်း လုပ်လို့ ရပါတယ်။

စျေးနှုန်း ဘယ်လောက်လဲ

၁ ရက် (၆ နာရီ) Workshop က ၂၀ သိန်းကနေ၊ ၂ ရက် Bootcamp က ၃၀ သိန်းကနေ စပါတယ်။ သင်တန်းသား အရေအတွက်၊ သင်ရိုး အနက်နဲ့ နေရာပေါ် မူတည်ပြီး ကွာနိုင်ပါတယ် — ရန်ကုန်ပြင်ပ ဆိုရင် ခရီးစရိတ်နဲ့ တည်းခိုစရိတ် သီးခြား တွက်ပါတယ်။ Form ဖြည့်ပြီးတာနဲ့ အတိအကျ ကိန်းဂဏန်း ပါတဲ့ Proposal ကို အခမဲ့ ပို့ပေးပါတယ်။

Online (Zoom) နဲ့ လုပ်ပေးလို့ ရလား

မလုပ်ပါဘူး။ ကျွန်တော်တို့ရဲ့ သင်တန်းက ဝန်ထမ်းတွေရဲ့ ကွန်ပျူတာပေါ်မှာ တကယ် လက်တွေ့ လိုက်လုပ်ခိုင်းတာမို့ ဘေးကနေ ကြည့်ပြီး ချက်ချင်း ပြင်ပေးဖို့ လိုပါတယ်။ Online မှာ အဲဒါ မဖြစ်နိုင်ဘဲ တက်ရောက်သူ တစ်ဝက်လောက်က နားထောင်ရုံပဲ ဖြစ်သွားတတ်လို့ ရုံးကို လာရောက် သင်ကြားပေးတာကိုပဲ လုပ်ပါတယ်။

ဘာသာစကား ဘယ်လိုလဲ

မြန်မာလို သင်ပေးတာ အဓိကပါ။ နိုင်ငံခြားသား ဝန်ထမ်းများ ပါဝင်ရင် English နဲ့လည်း သင်ပေးနိုင်ပြီး Proposal နဲ့ သင်ထောက်ကူ စာရွက်စာတမ်းတွေကိုလည်း ၂ ဘာသာစလုံး ပြင်ဆင်ပေးနိုင်ပါတယ်။

လက်ရှိ ရှိပြီးသား Software တွေနဲ့ ချိတ်ပေးလို့ ရလား

လုပ်ငန်းရဲ့ လိုအပ်ချက်နဲ့ လက်ရှိ သုံးနေတဲ့ Software တွေပေါ် မူတည်ပါတယ်။ Software တိုင်းကို ချိတ်လို့ ရတာ မဟုတ်ပါဘူး — တချို့က ပြင်ပ ချိတ်ဆက်မှုကို ခွင့်မပြုပါ။ ဒါကြောင့် Proposal မပြင်ဆင်ခင် လက်ရှိ သုံးနေတဲ့ စနစ်တွေကို အရင် ဆွေးနွေးပြီး ဘယ်ဟာ ဖြစ်နိုင်လဲ၊ ဘယ်ဟာ မဖြစ်နိုင်လဲ၊ ဘယ်နည်းလမ်းက အသင့်တော်ဆုံးလဲ ဆိုတာ အတိအကျ အကြံပြုပေးပါတယ်။

တခြား မေးစရာ ရှိပါသလား — 09880902558 (သို့) Viber ကို ဆက်သွယ်ပါ။

V