
အာဏာစက်
The concise 48 laws of power
Maw Ri Sha
16,000 ကျပ်
✓ ရရှိနိုင်ပါတယ်
အုပ်ရေသန်းချီရောင်းချနိုင်ခဲ့ပြီးဖြစ်တဲ့ နိုင်ငံတကာအရောင်းရဆုံးစာရင်းဝင်စာအုပ်
တွေ့ဖူးနေကျ မြင်ဖူးနေကျ သိဖူးပြီးသားတွေနဲ့ လုံး၀ မတူဘဲ ပညာသားပါသလို ထိထိမိမိ ရှိလှပြီး မှတ်သားလောက်ဖွယ် အချက်အလက်ကျကျ လမ်းညွှန်ချက်တွေနဲ့ ပေါင်းစပ်ပြုစုထားတဲ့ စာအုပ်ဖြစ်ပါတယ်။ နှစ်သုံးထောင်စာ အတိတ်သမိုင်းထဲက လက်တွေ့ ဘ၀သင်္ခန်းစာတွေကို အခြေခံထားပြီး ၄၈ ရပ်သော အာဏာစက်နည်းဥပဒေသတွေနဲ့ စနစ်တကျ ထုတ်နှုတ်တင်ပြ ဆွေးနွေးထားတဲ့ စာအုပ်ဖြစ်ပါတယ်။
စာအုပ်ပါ အကြောင်းအရာတိုင်းက တစ်ကြိမ်တစ်ခါ ဖတ်ဖူးရင်ပဲ စိတ်ထဲစွဲမြဲစေနိုင်မယ့်အပြင်၊ တွေးခေါ်စဉ်းစားပုံ လက်ခံကျင့်သုံးပုံ ယူဆတွေးမြင်ပုံတွေကို ပြုပြင်ပြောင်းလဲသွားစေနိုင်မယ့် စာအုပ်ဖြစ်ပါတယ်။
မာခီယာဗဲ့လီ၊ ဆွန်ဇူးနဲ့ ကားလ်ဗွန်ခလော့ဇွစ်စတဲ့ ခေတ်ဟောင်း ဂန္ထဝင် အတွေးအခေါ်ပညာရှင်ကြီးတွေရဲ့ အတွေးအခေါ်တွေကို ခေတ်ပြိုင်တွေးခေါ် ဆန်းသစ်မှုတွေနဲ့ ယှဉ်ပြီး အကျယ်တဝင့် ဆွေးနွေးပေးထားတဲ့ အာဏာစက်ဆိုင်ရာ လမ်းညွှန် သုတေသနကျမ်းဝင် လက်ရာမွန် စာအုပ်မျိုး ဖြစ်ပါတယ်။
လက်တွေ့ဘ၀မှာ ထိတွေ့ရင်ဆိုင်သွားကြရမယ့် အခက်အခဲ စိန်ခေါ်မှုတွေအတွက် အသင့်တော်ဆုံးသော ဖြတ်လမ်းကောင်းတွေ အပြင်၊ မလွဲမသွေ တိုက်ခိုက်သွားရမယ့် ဘ၀တိုက်ပွဲအတွက် အထိရောက်ဆုံးသော ဘ၀လမ်းညွှန် မဟာဗျူဟာတွေကို အားပါးတရကြီး လေ့လာကျင့်သုံးခွင့်ရစေမယ့် စာအုပ်ဖြစ်ပါတယ်။
စိုးမိုးခြယ်လှယ်ချင်လို့ပဲဖြစ်ဖြစ်၊ ခုခံကာကွယ်သွားဖို့ပဲ ဖြစ်ဖြစ် ရုန်းကန်ရှင်သန်နေသမျှ ကာလပတ်လုံး ‘အာဏာစက်နည်းဥပဒေ ၄၈ ရပ်’ စာအုပ်က ဘ၀အပေါ် လက်တွေ့ကျတဲ့ အကျိုးပြုမှုတွေနဲ့ အဘက်ဘက်ကနေ အထောက်အကူပြုစေမှာ အသေအချာပါ။
𝑻𝒉𝒆 48 𝑳𝒂𝒘𝒔 𝒐𝒇 𝑷𝒐𝒘𝒆𝒓 𝒃𝒚 𝑹𝒐𝒃𝒆𝒓𝒕 𝑮𝒓𝒆𝒆𝒏𝒆 (Concise) ကို ဆရာမောရိသျှမှ ဘာသာပြန်ဆိုထားပါတယ်။