← စာအုပ်ဆိုင်
အခုပဲလုပ်လိုက်ပါ

အခုပဲလုပ်လိုက်ပါ

Do it Today

Lu Thar

11,500 ကျပ်

ယာယီ ကုန်နေပါတယ်

ကုန်သွားပါပြီ

နောက်မှပဲ လုပ်လိုက်ပါမယ်လေဆိုပြီး အချိန်ဆွဲတဲ့အကျင့်ကြီးကြောင့် ဘာပဲလုပ်လုပ် စိတ်ရှိတိုင်းလည်း ကိုယ်တိုင်က မလုပ်နိုင်သလို ဖြစ်နေလား။

 လုပ်စရာရှိတာတွေ မဖြစ်မနေ လုပ်ဖို့ လိုအပ်တာကို သိလျက်ကြီးနဲ့ အချိန်ဆွဲနေမိပြီး လုပ်ချင်စိတ်ကိုင်ချင်စိတ် ပျောက်နေသလား။

 ငါဘာလုပ်သင့်လဲ ငါဘာလုပ်ရမလဲ ငါငါငါဆိုပြီး မရေရာ မသေချာတဲ့ အတွေးတွေကြောင့် စိတ်ပင်ပန်းဆင်းရဲနေရပြီး မသိနိုင်တဲ့ နောင်ရေးအတွက် ပူပန်သောကများနေရတဲ့သူတွေ

 လုပ်စရာတော့ ရှိပါရဲ့ ဘယ်ကစပြီး ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့သူတွေ

 လုပ်တော့လုပ်နေတာပဲ လုပ်သလောက်အကျိုးထူးမလာဘဲ လမ်းပျောက်သလို ခံစားနေရတဲ့သူတွေ

 လုပ်ချင်စိတ်ကိုင်ချင်စိတ် ပျောက်ဆုံးနေပြီး အသက်ရှင်နေရပေမဲ့ ချောင်ပိတ်သလို ခံစားနေရတဲ့သူတွေ

 ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်နေရပြီး ရင်ဆိုင်ရမယ့် ဘဝအနာဂတ်စိန်ခေါ်မှုတွေအတွက် အသင့်မဖြစ်သေးသလို ခံစားနေရတဲ့သူတွေအတွက် ရည်ရွယ်ပြီး ရေးသားပြုစုထားတဲ့ စာအုပ်ပါ။

 ကမ္ဘာတဝန်း အရောင်းရဆုံးစာရင်းဝင် “တည့်တည့်တွေး” (Think Straight) စာအုပ်ရဲ့ မူရင်းစာရေးသူ Darius Foroux ရဲ့ အမေဇုန်အရောင်းရဆုံးစာရင်းဝင် စာအုပ်ဖြစ်ပါတယ်။ ထိရောက်ပြီး အသုံးကျတဲ့ ဘဝနေနည်းလမ်းညွှန်တွေကို ကိုယ်တွေ့နည်းလမ်းတွေနဲ့ ကြားညှပ်ပြီး အရိုးရှင်းဆုံး အပြေပြစ်ဆုံး မျှဝေထားတဲ့ စာအုပ်ဖြစ်ပါတယ်။

 

📖 စာမျက်နှာ -၂၀၈
 

 


 

V