
အခက်အခဲကာလတွင် ဦးဆောင်ခြင်း
Leading Through A Crisis
Naing Win Aung
35,000 ကျပ်
✓ ရရှိနိုင်ပါတယ်
စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ အခုကာလမှာ ရင်ဆိုင်ရတဲ့ အခက်အခဲတွေဟာ အရမ်းကို များပြားလွန်းပါတယ်။ စီးပွားရေးကြပ်တည်းတာ၊ အစီအစဉ်ချထားတဲ့အတိုင်း လုပ်မရတာ၊ ငွေမလည်ပတ်တာ၊ ဖျားနာတာ၊ ချစ်ခင်သူတွေကို ဆုံးရှုံးရတာ၊ စိုးရိမ်ပူပန်စိတ်နဲ့ နေနေရတာ၊ စိတ်ခံစားမှုမကောင်းတာ စသဖြင့် ကြုံနေရတာတွေက အရမ်းကို များပြားလွန်းပါတယ်။
အဲဒီလိုအမျိုးမျိုးသော အဆင်မပြေမှုတွေ ဖြစ်နေတဲ့အချိန်မှာ အရေးအကြီးဆုံးကတော့ သင့်စိတ်ကို တည်ငြိမ်အောင် ထိန်းသိမ်းဖို့ဖြစ်ပါတယ်။ အခက်အခဲကာလမှာ ဆက်လက်ရှင်သန်နိုင်ဖို့၊ ပြန်လည်အောင်မြင်နိုင်ဖို့အတွက် သင့်ကိုယ်သင် စိတ်ကို တည်ငြိမ်အောင် ထိန်းသိမ်းပြီး လုပ်ဆောင်သင့်တဲ့ အလုပ်တွေကို တစ်ခုပြီးတစ်ခု အစီအစဉ်တကျလုပ်ဆောင်ဖို့ လိုပါတယ်။
လုပ်ငန်းလုပ်တဲ့အခါမှာ ကြုံတွေ့ရတတ်တဲ့ အခက်အခဲ၊ အကြပ်အတည်းတွေကြားမှာ လုပ်ငန်းကို သေသေချာချာ စီမံခန့်ခွဲပြီး ဦးဆောင်နိုင်ဖို့အတွက်ကိုတော့ “အခက်အခဲကာလတွင် ဦးဆောင်ခြင်း” စာအုပ်ကို ဖတ်ပါ။ သင့်ကို တစ်နည်းတစ်ဖုံ အထောက်အကူပြုနိုင်မယ်လို့ ယုံကြည်ပါတယ်။
📖 စာမျက်နှာ - ၅၇၀