← စာအုပ်ဆိုင်

အကြည်ဓာတ်ဖြင့်လှပခြင်း
Beauty With Clarity
Ngwe Ti Oo
6,000 ကျပ်
✓ ရရှိနိုင်ပါတယ်
အကြည်ဓာတ်ရှိတဲ့ သူတွေက အလိုလိုနေရင်း ပုံစံတစ်မျိုးနဲ့လှပကြပါတယ်။ အဲ့ဒီလှပခြင်းက အရောင်နဲ့လည်း မဆိုင်၊ လူမျိုးနဲ့လည်း မဆိုင်၊ ဆင်းရဲချမ်းသာနဲ့လည်း မဆိုင်သလို၊ ကိုးကွယ်ယုံကြည်မှုနဲ့လည် မဆိုင်ပါဘူး။ အတွင်းစိတ်မှာ အကောင်းမြင်စိတ်၊ Positive vibes ရှိကြလို့ပါ။
အကောင်းမြင်တဲ့ အတွေးတွေကပဲ ကောင်းတဲ့ရလဒ်ကို ယူဆောင်ပေးပါတယ်။တစ်နေ့တာကို ကောင်းတဲ့အတွေးနဲ့ အစပြုရင် ဖြတ်သန်းတဲ့ တစ်နေ့တာကို ကောင်းမွန်အောင် ပြောင်းလဲနိုင်စွမ်းရှိပါတယ်။ အကောင်းမြင်စိတ်ကနေ ဘဝတစ်ခုလုံးစာထိ ပြောင်းလဲဖြစ်တည်နိုင်စွမ်းရှိပါတယ်။
အရေးကြီးဆုံးက ဘဝမှာ အကြည်ဓာတ်နဲ့ရှင်သန်သွားနိုင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် positive energy တွေနဲ့ လွှမ်းခြုံထားနိုင်ဖို့ လိုအပ်ပါတယ်။
📖 စာမျက်နှာ - ၁၂၇