← စာအုပ်ဆိုင်
ဟန်ချက်ညီသော ဘဝ

ဟန်ချက်ညီသော ဘဝ

Balance Wheel of Life

Mon Halsey

10,000 ကျပ်

✓ ရရှိနိုင်ပါတယ်

ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင်ပြောင်းလဲဖို့ ၊ 
ညှိနှိုင်းဖို့၊ စဉ်းစားသုံးသပ်ဖို့ဆိုတာ  ဘယ်သူ့အတွက်မဆို လိုအပ်တဲ့အရာပါ။


Balance ဟန်ချက်ညီမှုဆိုတာ အရာရာတိုင်းအတွက် အရေးကြီးပါတယ်။

ယနေ့ခေတ်လူနေမှုဘဝရဲ့ နေ့စဉ်လှုပ်ရှားမှုတွေက ရှုပ်ထွေးလာတဲ့အခါ ကိုယ်တိုင်နေ့စဉ်ဘဝထဲမနစ်မြုပ်စေဖို့ Balance ဖြစ်စေဖို့ အတွက် ကိုယ်တိုင်တိုးတက်အောင် ကြိူးစားရမှာပဲဖြစ်ပါတယ်။

Personal Development လို့ပြောရင် လူတစ်‌‌ယောက်ရဲ့ဘဝမှာ စွမ်းနိုင်သမျှ အကောင်းဆုံးအခြေနေတစ်ခုနဲ့ ရှင်သန်ရပ်တည်သွားနိုင်ဖို့ ကိုယ်တိုင်လုပ်ဆောင်သွားရမယ့် တိူးတက်ခြင်း၊ ရင့်ကျက်ခြင်း၊ အောင်မြင်ခြင်းနဲ့ ပျော် ရွှင်ခြင်းတွေရဲ့ အ‌ရေးကြီးတဲ့ အခြေခံသဘောတရားတစ်ခုပဲဖြစ်ပါတယ်။

ဝန်ထမ်းတွေ မန်နေဂျာတွေပဲ Personal Development ကိုလုပ်ဖို့လိုအပ်တာမဟုတ်ပါဘူး 
ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ရဲ့အားသာချက် ၊ အားနည်းချက်တွေကို သတိထားမိပြီးပြောင်းလဲနိုင်မှ ကိုယ်ရည်ရွယ်ထားတဲ့ပန်းတိုင်ကို ရောက်နိုင်မှာပါ။
ကိုယ့်ဘဝရဲ့ ဟန်ချက်ညီမျှမှု၊ မညီမျှမှုတွေကို ကိုယ်တိုင်ဆန်းစစ်တွေ့မြင်နိုင်ပြီး ပြန်လည်ညှိနိုင်ဖို့ (Self- Reflection လုပ်နိုင်ဖို့ ) Balance Wheel ဟာ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။

ဘဝရဲ့ Balance Wheel ထဲမှာပါတဲ့ အကန့်တွေညီမျှပြီး တည်ငြိမ်အေးချမ်းတဲ့ ဘဝအနေအထားတစ်ခုကို ‌ရောက်ရှိဖို့ ဒီစာအုပ်လေးက သင့်ကိုလမ်းပြပေးပါလိမ့်မယ်။


📖 စာမျက်နှာ - ၂၄၄
 

V