← စာအုပ်ဆိုင်
လွှတ်ထားလိုက်ပါ အရာရာကိုထိန်းချုပ်ဖို့ မကြိုးစားနဲ့

လွှတ်ထားလိုက်ပါ အရာရာကိုထိန်းချုပ်ဖို့ မကြိုးစားနဲ့

The let them theory

Htet Htet Tin Zar

22,500 ကျပ်

✓ ရရှိနိုင်ပါတယ်

ကျွန်တော်တို့တွေဟာ နေ့စဉ်ဘဝမှာ ကိုယ့်ပတ်ဝန်းကျင်ကလူတွေ ဘာပြောမလဲ၊ ဘာတွေးမလဲ၊ ကိုယ့်အစီအစဉ်တွေ ပျက်စီးသွားမလားဆိုပြီး အရာရာကို လိုက်လံထိန်းချုပ်ဖို့ ကြိုးစားရင်းနဲ့ပဲ စိတ်ဖိစီးမှုတွေ၊ ဝန်ထုပ်ဝန်ပိုးတွေကို အလကားနေရင်း ဖိတ်ခေါ်နေမိတတ်ကြပါတယ်။ 

 

ဒီစာအုပ်လေးကတော့ အဲဒီလို အပူမီးတွေကို ငြိမ်းအေးစေပြီး ကိုယ်ထိန်းချုပ်လို့မရတဲ့ အရာတွေကို လက်လွှတ်လိုက်ဖို့နဲ့ ကိုယ့်ရဲ့ စွမ်းအင်တွေကို အကျိုးရှိရှိ ဘယ်လိုအသုံးချရမလဲ ၊ ဆိုတာကို အလှပဆုံး လမ်းညွှန်ပြသပေးထားတာ ဖြစ်ပါတယ်။

 

 ဘဝကို မလိုအပ်တဲ့ ဝန်ထုပ်ဝန်ပိုးတွေ လျှော့ချပြီး လွတ်လပ်ပေါ့ပါးစွာနဲ့ ရှင်သန်ရပ်တည်လိုသူတွေ၊ အရာရာကို လိုက်ပူပန်ပြီး စိတ်ဖိစီးမှု ကြုံတွေ့နေရသူတွေနဲ့ မိမိကိုယ်ကိုယ် ပြန်လည်ထိန်းချုပ်ပြီး စိတ်အေးချမ်းမှုကို ရှာဖွေချင်တဲ့ သူငယ်ချင်းတို့အားလုံးအတွက် 

ရင်ထဲမှာ နှစ်ပေါင်းများစွာ ပိတ်လှောင်ထားတဲ့ တံခါးကြီး ပွင့်သွားသလိုမျိုး ထူးခြားတဲ့ လွတ်လပ်ပေါ့ပါးမှုကို ခံစားရရှိသွားမှာ မို့ မရှိမဖြစ် ဖတ်ရှုသင့်တဲ့ လမ်းညွှန်စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။

 

စာမျက်နှာ - 385

 

V