← စာအုပ်ဆိုင်
လူရွေးမှန်ပြီး ချစ်နည်းမှန်စေဖို့

လူရွေးမှန်ပြီး ချစ်နည်းမှန်စေဖို့

Right Person Right Love

Aung Htet Khant

20,000 ကျပ်

✓ ရရှိနိုင်ပါတယ်

သုတေသနတွေအရ တကယ်ချစ်လို့ ယူကြတဲ့ စုံတွဲတွေတောင်မှ အိမ်ထောင်ပြုပြီးရင် ကွဲနိုင်ခြေက ၅၅ ရာခိုင်နှုန်းဝန်းကျင်အထိ ရှိနေတတ်တာပါ။ 

 

Relationship တစ်ခုကို တည်ဆောက်ရတာက တကယ်တော့ ကြိုးတန်းတစ်ခုပေါ်မှာ သတိကြီးကြီးနဲ့ လမ်းလျှောက်နေရသလိုပါပဲ၊ 

အချိန်မရွေး လွဲချော်သွားစေနိုင်တဲ့ အကြောင်းရင်းတွေ ရှိနေတတ်ပါတယ်။ 

 

ဒီဘက်ခေတ်မှာ လူတော်တော်များများက "လူမှန်" ကို ရွေးချယ်ဖို့၊ ကိုယ့်တန်ဖိုးနဲ့ ကိုက်ညီပြီး ဘဝကို လုံခြုံမှုပေးနိုင်မယ့်သူကိုပဲ အဓိက အာရုံစိုက်တတ်ကြပေမဲ့ အချိန်ကြာလာလို့ အဆင်မပြေမှုလေးတွေ ကြုံရတဲ့အခါ တစ်ယောက်အပြစ်တစ်ယောက်မြင်ပြီး လမ်းခွဲဖို့အထိ လွယ်လွယ်လေး တွေးမိသွားတတ်ကြပါတယ်။

 

ဒါဟာ တကယ်တော့ လူရွေးမှားခဲ့လို့မဟုတ်ဘဲ ကျွန်တော်တို့တွေ "ချစ်နည်းလွဲ" နေကြလို့ပါပဲ။ 

 

Relationship ဆိုတာ ဘဝတစ်ခုလုံးကို ၃၆၀ ဒီဂရီ ပြောင်းလဲပစ်နိုင်တဲ့ အရေးကြီးဆုံး ဆုံးဖြတ်ချက်တစ်ခုမို့လို့ ဒီအချစ်ကြောင့်ပဲ ဘဝက ပိုပြီးအောင်မြင်နိုင်သလို၊ ဒီအချစ်ကြောင့်ပဲ ဘဝတစ်ခုလုံး ရှုပ်ယှက်ခတ်သွားနိုင်ပါတယ်။

ဒီအသိအမြင်လေးတွေကတော့ လက်ရှိ Relationship ထဲမှာ ငြီးငွေ့မှုတွေ ကြုံနေရသူတွေ၊ အိမ်ထောင်ရေးကို ရေရှည်အေးချမ်းချင်သူတွေနဲ့ အချစ်ကို စနစ်တကျ တန်ဖိုးထားပြီး ဘဝကို အောင်မြင်ပျော်ရွှင်ချင်တဲ့ သူငယ်ချင်းတို့အားလုံးအတွက် အနှစ်သာရရှိလှပါတယ်။ 
 

စာမျက်နှာ - 312

V