← စာအုပ်ဆိုင်
ရှုံးသွားရင်တောင်နိုင်နေမယ့် အလုပ် လုပ်ပါ

ရှုံးသွားရင်တောင်နိုင်နေမယ့် အလုပ် လုပ်ပါ

Shone twr yin tg nai nae mae a lok lok pr

Dr. Phyo Paing

27,000 ကျပ်

✓ ရရှိနိုင်ပါတယ်

တစ်ခုခု စလုပ်တော့မယ်ဆိုရင် "ငါ ရှုံးသွားရင် ဘယ်လိုလုပ်မလဲ" ဆိုတဲ့ အတွေးနဲ့တင် တော်တော်နဲ့ ရှေ့မတိုးရဲကြဘူးမဟုတ်လား။ 

ဒါပေမဲ့ တကယ်တော့ ရှုံးသွားရင်တောင် ကိုယ့်ဘက်က အမြဲတမ်း ပြန်နိုင်နေမယ့် အလုပ်မျိုးတွေ ဘဝမှာ ရှိနေတာကို သတိမထားမိတတ်ကြဘူး။ 

 

 လူအများစုကတော့ နိုင်ရင် နည်းနည်းပဲရပြီး ရှုံးရင်တော့ ရှိသမျှအချိန်၊ ငွေကြေးနဲ့ ဆက်ဆံရေးတွေပါ အကုန်ပြာကျသွားမယ့် အလုပ်တွေကို မိုက်မိုက်ကန်းကန်း လောင်းကြေးထပ်တတ်ကြပါတယ်။ 

 

လိမ္မာပါးနပ်တဲ့သူတွေက  ရလဒ်ဘယ်လိုထွက်ထွက် ကိုယ့်လက်ထဲ တစ်ခုခု ကျန်ရစ်မယ့် လမ်းကြောင်းတွေကိုပဲ ရွေးချယ်တတ်ကြတာပါ။ ဒါဟာ အလုပ်တစ်ခုကို ရွေးတာထက် ဘဝတစ်ခုလုံးကို စမတ်ကျကျ ရွေးချယ်လိုက်တာပဲ ဖြစ်ပါတယ်။

ဒီစာအုပ်လေးထဲမှာဆိုရင် ကိုယ့်ရဲ့ဘဝ၊ ငွေကြေးကြွယ်ဝမှုနဲ့ စီးပွားရေး တိုးတက်ပြောင်းလဲမှုတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ Strategy (ဗျူဟာ)၊ Leadership (ဦးဆောင်မှု) နဲ့ Wealth Management (ငွေကြေးစီမံခန့်ခွဲမှု) ဆိုပြီး အပိုင်း ၃ ပိုင်းနဲ့ အသေးစိတ် လမ်းညွှန်ပြသပေးထားတာမို့လို့ စိတ်ခွန်အားနဲ့အတူ အတွေးအမြင်သစ်တွေ တိုးပွားချင်တဲ့သူတိုင်း လက်မလွှတ်တမ်း ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းလေး တစ်အုပ်ပါပဲ။

 

စာမျက်နှာ - 209

V