← စာအုပ်ဆိုင်
ရောင့်ရဲခြင်းအနုပညာ

ရောင့်ရဲခြင်းအနုပညာ

The Art of Minimalism

Htet Htet Tin Zar

12,000 ကျပ်

✓ ရရှိနိုင်ပါတယ်

ညဘက် အိပ်ရာဝင်တဲ့အခါ အေးအေးချမ်းချမ်းနဲ့ အိပ်ပျော်သွားသလား၊ 

ဒါမှမဟုတ် စိတ်ထဲမှာ မရေရာမှုတွေ၊ ရှုပ်ထွေးမှုတွေအပြည့်နဲ့ ခေါင်းအုံးပေါ် ခေါင်းချထားရသလား။ လူအများစုက နောက်က အချက်ကို သဘောတူကြပါလိမ့်မယ်။ 

 

အိမ်က အမှိုက်တွေ ပြည့်နေရုံမက စိတ်တွေမှာလည်း အမှိုက်တွေအပြည့် ရှိနေကြပါတယ်။ သာမန်ဦးနှောက်က စဉ်းစားတာ၊ စိုးရိမ်တာနဲ့ ဖြစ်လာမယ့်အရာတွေနဲ့ ပတ်သက်ပြီး ကြောင့်ကြနေရင်း အမြဲတမ်း ဇယ်ဆက်သလို လုပ်ဆောင်နေရပါတယ်။ အတွေးတွေက အပြုသဘောဆောင်ပြီး အသုံးကျနေသရွေ့တော့ စဉ်းစားတွေးတောတာက ဘာပြဿနာမှ မရှိပါဘူး။ ကံမကောင်းစွာနဲ့ပဲ လူအများစုအတွက်တော့ အဲဒီလို ဖြစ်မနေပါဘူး။

 

 လက်တွေ့က ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကျွန်မတို့ရဲ့ လက်ရှိ ဘဝအခြေအနေက ကျွန်မတို့ စဉ်းစားတွေးတောတဲ့အတိုင်းကြောင့် ဖြစ်ပါတယ်။ 

ကိုယ့်ရဲ့ လက်တွေ့ဘဝကို ကိုယ့်ရဲ့ စိတ်အခြေအနေက ဖန်တီးတာပါ။

 

အတွေးတွေမှာ ကန့်သတ်ချက်ဘောင်တွေ မရှိပါဘူး။ ဘယ်လိုတွေးသင့်တယ်ဆိုတာ ဘယ်သူကမှ ပြဋ္ဌာန်းမထားပါဘူး။ ကိုယ်တိုင်ကပဲ အခြေအနေကို ထိန်းချုပ်ရမှာပါ။ ကိုယ်ကိုယ်တိုင်ကလွဲပြီး တခြားဘယ်သူကမှ ကိုယ့်စိတ်ထဲ မဝင်နိုင်ပါဘူး။ တကယ်တော့ စိတ်ဆိုတာ ကျွန်မတို့ ပိုင်ဆိုင်တဲ့ စွမ်းအင်အရှိဆုံး ပိုင်ဆိုင်မှုပါပဲ။ ဒီလက်တွေ့သဘောကို အသုံးချနိုင်သွားတာနဲ့ မရပ်မနား ဖြစ်လာပါလိမ့်မယ်။

 

ဒီစာအုပ်ထဲမှာ (ကိုယ့်ရဲ့နေ့စဉ်ဘ၀မှာ) ထင်ထားတာထက် ပိုများပြားတဲ့ အမှိုက်တွေ၊ (မလိုအပ်တဲ့အရာတွေ) ရှိတယ်ဆိုတာကို လေ့လာဖတ်ရှုရမှာ ဖြစ်ပါတယ်။ 

နေအိမ်ထဲက အမှိုက်တွေကို ဘယ်လိုရှင်းမလဲဆိုတာတင်မကဘဲ ပေါင်းသင်းဆက်ဆံရေးတွေ၊ စိတ်ခံစားမှုတွေနဲ့ နောက်ထပ် အရာတွေများစွာထဲကအမှိုက်တွေကို ဘယ်လိုရှင်းပစ်ရမလဲဆိုတာအထိ ပါဝင်ပါတယ်။

 

 

📖 စာမျက်နှာ- ၁၇၃

 

V