← စာအုပ်ဆိုင်
ဘဝအတွက်လိုအပ်တဲ့ အားဆေး

ဘဝအတွက်လိုအပ်တဲ့ အားဆေး

Bawa Atwat Loattae Arsey

Nine Nine Sanay

5,500 ကျပ်

✓ ရရှိနိုင်ပါတယ်

များသောအားဖြင့် ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ခံစားချက်၊ ကျွန်မတို့ရဲ့မေတ္တာကို ထုတ်ဖော်ပြသဖို့ မေ့နေတတ်ကြတယ်။


တစ်ခါတလေမှာ ကျွန်မတို့အတွက် အရေးမပါတဲ့ကိစ္စလေးတစ်ခုက တခြားလူအတွက် အရေးပါပြီး လေးနက်တဲ့အရာဖြစ်နေတတ်ပါတယ်။ တခြားလူကို ဖေးမအားပေး ၊ ချီးမွမ်းပြီး အချင်းချင်းကြားက ပေါင်းသင်းဆက်ဆံရေးကို လမ်းကြောင်းဖွင့်ပါ။ ဂရုစိုက်မှုနဲ့ ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြသပါ။


သင်ချစ်တဲ့ ၊ သင်ဂရုစိုက်တဲ့သူတွေကို သူတို့ဟာ သင့်အတွက် ဘယ်လောက် အရေးပါကြောင်း ၊ ဘယ်လောက် ထူးခြားကြောင်း အချိန်မနှောင်းခင် ပြောပြပါလို့ ကျွန်မ တောင်းဆိုချင်ပါတယ်။


အထက်ပါ စာလေးက " ဘဝအတွက် လိုအပ်တဲ့ အားဆေး " ဆိုတဲ့ စာစုလေးထဲက စာပိုဒ်လေးတစ်ပိုဒ် ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ဘဝဖြတ်သန်းရာမှာ လိုအပ်တဲ့ စိတ်ခွန်အားဖြည့် စာစု ၃၂ ပုဒ် ပါဝင်ပါတယ်။
 

📖 စာမျက်နှာ - ၁၃၆


 

V