← စာအုပ်ဆိုင်
ပန်းပွင့်များရဲ့ ဒိုင်ယာရီ

ပန်းပွင့်များရဲ့ ဒိုင်ယာရီ

Pan Pwint Diary

Kyi Kyi

9,000 ကျပ်

✓ ရရှိနိုင်ပါတယ်

“ဘဝဆိုတာ တက်လမ်းစာအုပ်တွေထဲကလိုမဟုတ်တော့ ဟပ်ချလောင်းဆိုပြီး ပြောင်းသွားမှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ နှစ် ၂၀ ဆိုတဲ့ ကာလတစ်ခုကတော့ ကြိုးစားမှုရဲ့ရလဒ်ကို အရာထင်စေခဲ့ပါတယ်။ အရင်က ကြိုးစားခဲ့ရတယ်။ အခုလည်းကြိုးစားနေဆဲပါ။ အနာဂတ်မှာလည်း ဆက်ကြိုးစားနေရဦးမှာပါပဲ။ ဘာဖြစ်လိုပါလဲ …။

ဘယ်သူမှ ဆင်းရဲတဲ့ဘဝမှာ မနေချင်ကြပါဘူး၊ ကျေနပ်ပျော်ရွှင်မနေကြပါဘူး။ ဒါကြောင့် ချမ်းသာတဲ့ဘဝ၊ ကိုယ်လုပ်ချင်တာ လုပ်ပိုင်ခွင့်ရှိတဲ့ဘဝအတွက် အမြဲကြိုးစားနေရပါမယ်။ အနာဂတ်အတွက် အထောက်အကူမဖြစ်မယ့် အရာတွေကို ဘဝထဲက ထုတ်ပစ်ပါ။ 

ပန်းတိုင်ဆိုချမှတ်ပြီးမဆုတ်မနစ် ရောက်အောင်သွားပါ။ လဲကျတိုင်း ပန်းတိုင်မပျောက်ပါစေနဲ့။ ပညာရှာဖို့ မပျင်းပါနဲ့။”

"ပန်းပွင့်များရဲ့ဒိုင်ယာရီ" စာအုပ် “အလှည့်အပြောင်းတွေနဲ့ အသားကျအောင်နေထိုင်ပါ” ဆောင်းပါးမှကောက်နုတ်ထားတာဖြစ်ပါတယ်။

 

📖 စာမျက်နှာ - ၁၉၇
 

V