← စာအုပ်ဆိုင်
စွန့်ဦးတီထွင်မှုပညာ

စွန့်ဦးတီထွင်မှုပညာ

Entrepreneurship

Pyae Phyo Maung

15,000 ကျပ်

✓ ရရှိနိုင်ပါတယ်

မတူညီတဲ့အတွေးအခေါ်တွေ၊ ဆန်းသစ်တဲ့ နည်းပညာတွေနဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်အောင် ရပ်တည်ဖို့ ကြိုးစားနေပြီလား။

စီးပွားရေးဆိုင်ရာအတွေးအခေါ်တစ်ခု စတင်ဖော်ထုတ်ပြီး လက်တွေ့အကောင်အထည်ဖော်၊ လုပ်ငန်းတစ်ခုထူထောင်သည်အထိ လုပ်ဆောင်ရမယ့် အချက်များကို ရေးသားဖော်ပြထားတဲ့စာအုပ် မိတ်ဆွေအတွက် ရှိနေပါပြီ။

 

စွန့်ဦးတီထွင်မှုပညာက စီးပွားရေးလုပ်ငန်းများမှာ အလွန်အရေးပါပါတယ်။

စျေးကွက်မှာ ထိပ်တန်းနေရာထိရောက်ဖို့အတွက် တီထွင်မှုက အရေးကြီးတဲ့အချက်ဖြစ်တယ်။

တိုးတက်လာတဲ့ခေတ်ကြီးမှာ သင့်လုပ်ငန်းကို အများနဲ့မတူ ပေါက်မြောက်ဖို့အတွက်ဆိုရင် အများနဲ့မတူတဲ့ ထုတ်ကုန်၊ ဝန်ဆောင်မှုတွေကို ထိထိရောက်ရောက်နဲ့ ပေးနိုင်ဖို့လိုတယ်။

 

Entrepreneurship ဘာသာရပ်ကိုလေ့လာရင် ဘာအကျိုးကျေးဇူးရနိုင်လဲ…

-ပိတ်လှောင်ခံထားရတဲ့အတွေးအခေါ်တွေကနေ ဖောက်ထွက်ပြီး တွေးခေါ်စဥ်းစားလုပ်ဆောင်တက်စေတယ်။

-စီးပွားရေးဆိုင်ရာအခွင့်အလမ်းများကိုဖန်တီးပေးတဲ့အပြင်

-ထိုအခွင့်အလမ်းတွေကို မြင်သာအောင်၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလာအောင်၊ 

-တရားမျှတမှုကို သဘောပေါက်အောင်၊ စီးပွားရေးလုပ်ကိုင်လိုစိတ် ပြင်းပြလာအောင်

စတာတွေကို ကူညီလမ်းပြပေးတဲ့အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။

 

ဒ့ါအပြင် စီးပွားရေးလုပ်ငန်းရဲ့တကယ်အခရာတွေဖြစ်တဲ့ Finance and Accounting, Sales and Marketing, Management စတဲ့လုပ်ငန်းစဥ်တွေကို စီးပွားရေးနယ်ပယ်အတွင်းမှာ တကယ်နည်းစနစ်ကျကျ တွေးခေါ်တက်စေဖို့လည်း ကူညီပေးမှာဖြစ်ပါတယ်။

 

 ဒီစာအုပ်မှာ စွန့်ဦးတီထွင်မှုပညာနဲ့ ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ ဖော်ပြထားသလို စီးပွားရေးလုပ်ငန်းသစ်တစ်ခုကို ဘယ်လိုစတင်ထူထောင်ရမလဲဆိုတဲ့ အချက်အလက်တွေကို ပြည့်စုံစွာ ရေးသားဖော်ပြထားပါတယ် ။

မိမိအတွက်ရော၊ မိမိနေထိုင်တဲ့လူ့အဖွဲ့အစည်းအတွက်ပါ အများဆုံးအကျိုးပြုနိုင်ဖို့ Entrepreneurship - စွန့်ဦးတီထွင်မှုပညာရပ်ကို လေ့လာပါ။

 




📖 စာမျက်နှာ -၄၆၄   
 

V