
ငွေရှာနည်းအတွေး ငွေပွားနည်းအမြင်
Ngwe shr nee a tway ngwe shr nee a myin
Kaung Hein Soe (Strategic)
16,500 ကျပ်
✓ ရရှိနိုင်ပါတယ်
ဘဝကို ငွေကြေးအရ ခိုင်ခိုင်မာမာ ရပ်တည်နိုင်စေဖို့အတွက် တစ်ခုနဲ့တစ်ခု အမျိုးအစားမတူညီတဲ့ "လေးချောင်းထောက် ဝင်ငွေလမ်းကြောင်း" တွေကို ဘယ်လိုစမတ်ကျကျ တည်ဆောက်ရမလဲ
အဆင်မပြေမှုတွေ ကြုံလာရရင်တောင် ကိုယ့်ဘက်က ယိုင်မသွားဘဲ တောင့်ခံနိုင်မယ့် စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု အိုင်ဒီယာတွေကို အသုံးချတတ်အောင်ဖော်ပြပေးထားပါတယ်
ထူးခြားတာက ကမ္ဘာ့ငွေကြေးဂုရုကြီးတွေရဲ့ အတွေးအခေါ်တွေကို မြန်မာ့လူနေမှုစနစ်၊ မြန်မာ့စီးပွားရေး အခြေအနေတွေနဲ့ ကွက်တိကျအောင် ဆရာကောင်းဟိန်းစိုးရဲ့ အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပြီး ရှင်းရှင်းလင်းလင်း ရေးသားပေးထားတာမို့လို့ ဖတ်ရတာ တကယ်ကို အရသာရှိလှပါတယ်။
ဒီစာအုပ်လေးကတော့ လက်ရှိလစာတစ်ခုတည်းနဲ့ ရုန်းကန်နေရတဲ့ ဝန်ထမ်းတွေ၊ ကိုယ်ပိုင်စီးပွားရေးအပြင် အခြားရင်းနှီးမြှုပ်နှံမှု လမ်းကြောင်းတွေပါ ချဲ့ထွင်ချင်တဲ့ လုပ်ငန်းရှင်တွေနဲ့ အနာဂတ်အတွက် ငွေကြေးလွတ်လပ်ခွင့် (Financial Freedom) ကို စနစ်တကျ တည်ဆောက်ချင်တဲ့သူတိုင်း မဖြစ်မနေ ဆောင်ထားပြီး ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းလေးပဲ ဖြစ်ပါတယ်။
စာမျက်နှာ - 150