← စာအုပ်ဆိုင်
ချစ်သောအမျိုးသမီးလေးထံသို့

ချစ်သောအမျိုးသမီးလေးထံသို့

Chit thaw amyothamee ly Htan thoe

Sue Sha May

8,500 ကျပ်

✓ ရရှိနိုင်ပါတယ်

တစ်ခါတလေ ဘဝမှာ လမ်းပျောက်တဲ့အချိန်တွေ ရှိတယ် ။ ရည်ရွယ်ရာ လမ်းတစ်ခုကို တည့်တည့်မတ်မတ် လျှောက်နေတုန်းမှာပဲ လမ်းပျောက်တယ်ဆိုတဲ့ အခိုက်အတန့်တွေ ကြုံရတာပါ ပဲ။

တစ်ခါတလေ သိပ်ပင်ပန်းလာတယ် ။ ရှေ့ဆက်လျှောက်ဖို့ တွေဝေလာသလို နောက်ပြန်လှည့်ချင်မိတယ် ။ ဘာကြောင့် အသက်ရှင်နေရတာလဲ ။ ရှင်သန်ခြင်းတွေဟာ အဓိပ္ပာယ် ရှိနေရဲ့လား မသိတော့ဘဲ လက်လျှော့လိုက်ချင်မိတယ် ။ အဲဒီလို အခြေနေမျိုးတွေ ကျွန်မဘဝမှာ ခဏခဏ ကြုံတွေ့ဖူးပါတယ် ။

အဲဒီလိုမျိုး လမ်းပျောက်တဲ့ အချိန် ၊ ရှေ့ဆက်ဖို့အတွက်

စိတ်ရောလူရော အဆင်မပြေ ပင်ပန်းခက်ခဲနေတဲ့ နေ့ရက်တွေမှာ ဘာကြောင့် စတင်ခဲ့တာလဲ ဆိုတဲ့ စမှတ်တွေကို ပြန်စဉ်းစားဖြစ်တယ် ။

“ ဒီလမ်းကို ဘာလို့လျှောက်ခဲ့တာလဲ ”

“ ဒါကို ငါ ဘာလို့ ဖြစ်ချင်ခဲ့တာလဲ ”

“ ဒါကို ဘာလို့ လိုချင်ခဲ့တာလဲ ”

“ ဒီလူတစ်ယောက်ကို ဘာလို့ ချစ်တာလဲ ” ဆိုတဲ့

The reasons why i startedကို ပြန်စဉ်းစားဖြစ်တယ် ။ လမ်းတွေဟာ ဝေဝါးလာတဲ့အခါ ကောက်ရိုးတစ်မျှင်ကလဲ ကယ်တင်နိုင်ကောင်းပါရဲ့။ ဆက်ပြီး ဖမ်းဆုပ်ထားဖို့ရာ အကြောင်းပြချက်လေး ပြန်ရှာတွေ့လိုတွေ့ငြား ရှာဖွေကြည့်တာပဲ ။ စိတ်လိုလက်ရ ပြန်ရှာကြည့်တော့လဲ ပျောက်နေတဲ့ လမ်းတွေကိုရော ၊ မိမိကိုယ်မိမိ ပြန်ရှာတွေ့ပါတယ်။ စိတ်ကူးအိပ်မက်တွေကို လက်မလွှတ်ချင်သေးတဲ့ မိမိကိုယ်မိမိ၊ လက်မလျှော့ချင်တဲ့ မိမိကိုယ်မိမိ ၊ နူးညံ့ပေမဲ့ သန်မာတဲ့ ပုံရိပ်တွေ နဲ့ မိမိကိုယ်မိမိ ပြန်ရှာတွေ့ခဲ့တာပါပဲ ။

အဖြေဟာ အစကတည်းက ရှိနှင့်နေပါတယ် ။

အဖြေဟာ စမှတ်မှာကတည်းက ရှိနှင့်နေပါတယ် ။

 

◾စာမျက်နှာ- ၁၅၂

V