← စာအုပ်ဆိုင်
ကွက်ကြို ငါးလှမ်း

ကွက်ကြို ငါးလှမ်း

Kwat Kyao Ngarr Lham

Saw David

20,000 ကျပ်

ယာယီ ကုန်နေပါတယ်

ကုန်သွားပါပြီ

ဘယ်အရာကိုပဲလုပ်လုပ် ရှေ့ကို ကြိုတွေးတတ်ဖို့လိုတယ်…

 စိတ်အားထက်သန်မှုနဲ့ ခြေငါးလှမ်းကြိုတွေးပြီးကြိုတင်စီမံကိန်း ချမှတ်ရေးဆွဲမှုနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာ ကြီးမားတဲ့စွမ်းအားတွေဖြစ်လာနိုင်ပါတယ်။ လူတော်တော်များများကတော့ ပထမခြေလှမ်း လေးလှမ်းကိုမလှမ်းဘဲ ပဉ္စမခြေလှမ်းကို တစ်ခါတည်းရောက်ချင်ကြတယ်။ 

အလုပ်တွေကို လုပ်ဆောင်တဲ့ အခါမှာ အစဉ်လိုက် တစ်ခုပြီးမှတစ်ခုလုပ်ဖို့ လိုအပ်ပါတယ်။

 

 နောက်ထပ်အဆင့်တစ်ခုကိုရောက်နိုင်ဖို့အတွက် အတွေးတစ်ခု (ခြေတစ်လှမ်း) ကစလို့ နောက်ထပ်ရွှေ့ရမယ့်ခြေလှမ်းများစွာကို မြင်လာတဲ့အခြေအနေအထိ တစ်ဆင့်ချင်းပြောင်းလဲမှုတွေကို လုပ်ဆောင်ရမှာပဲဖြစ်ပါတယ်။

ခြေလှမ်းငါးလှမ်း ကြိုတွေးခြင်းက သင့်အနေနဲ့ အနာဂတ်ရလဒ်တွေကို လက်ဦးမှုရယူပြီး၊အရွေ့တစ်ခုကို မြင်တွေ့နိုင်ဖို့နဲ့ လိုအပ်ရင် တန်ပြန်အကွက် ရွှေ့နိုင်ဖို့အတွက် လုံလောက်တဲ့ နည်းလမ်းများကိုပါ ရေးသားဖော်ပြထားပေးပါတယ်။

သင့်ဘဝမှာ ဆုံးဖြတ်ချက်တိုင်း လုပ်ဆောင်လိုက်တဲ့ အရာတွေအားလုံးမှာ သက်ရောက်မှုကောင်းတွေဖြစ်လာဖို့   စိန်ခေါ်မှုတွေတိုင်းကို အကွက်ကျကျ ဖြေရှင်းနိုင်ပြီး ပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်လာဖို့အတွက် နည်းလမ်းကောင်းတွေကို မျှဝေပေးထားတဲ့ စာအုပ်ကောင်း တစ်အုပ်ပဲဖြစ်ပါတယ်။


📖 စာမျက်နှာ - ၃၄၈   

 

V